Pages

Friday, May 11, 2012

သမၸဒါတရားေလးပါး

    ဗုဒၶျမတ္စြာ သက္ေတာ္ထင္ရွားရွိစဥ္ အခါတစ္ပါး၌ ေကာဠိယ၏သား ဒီဃဇာဏုမည္ေသာ အမ်ဳိးသားတစ္ေယာက္သည္ ေကာဠိယနိဂုံး၀ယ္ သီတင္းသုံးေနေတာ္မူေသာ ျမတ္စြာဘုရားအား ဤသုိ႔ ေလွ်ာက္ထားသည္။ “အရွင္ဘုရား - ေလာကီစည္းစိမ္ ခံစားလ်က္ လူ၀တ္ေၾကာင္ျဖစ္ၾကေသာ တပည့္ေတာ္တုိ႔သည္ သားမယားမ်ားျဖင့္ ေနၾကရပါကုန္၏။ စႏၵကူးနံ႔သာတုိ႔ကုိလည္း သုံးစဲြၾကပါကုန္၏။ ေရႊေငြမ်ားကုိလည္း ႏွစ္သက္ၾကပါကုန္၏။ ေလာကီလူ႔ေဘာင္တြင္ ေနၾကရကုန္ေသာ တပည့္ေတာ္တုိ႔အား ဤဘ၀၌ စီးပြားခ်မ္းသာ ျပည့္စုံႂကြယ္၀ႏုိင္၊ ေနာက္ဘ၀၌လည္း စီးပြားခ်မ္းသာျဖစ္ႏုိင္ေသာ တရားေတာ္ကုိ ေဟာေတာ္မူပါ”ဟု ေတာင္းပန္လွ်ာက္ထား ၏။ ထုိအခါ ျမတ္စြာဘုရားက “သမၸဒါ”တရားေတာ္ကုိ ေဟာေတာ္မူ၏။
    လူတုိင္းလူတုိင္း ျပည့္စုံႂကြယ္၀ေအာင္ လုိက္နာေဆာင္႐ြက္ရမည့္ အရည္အခ်င္းေကာင္းမ်ားကုိ “သမၸဒါ”ဟု ေခၚသည္။ ထုိသမၸဒါတရားေတာ္သည္ ေလးမ်ဳိးရွိသည္။
ယင္းေလးမ်ဳိးမွာ -
၁။    ဥ႒ာနသမၸဒါ = ထႂကြ လု႔ံလ ၀ီရိယရွိျခင္း၊
၂။    အာရကၡသမၸဒါ = လုံၿခဳံစြာ သိမ္းဆည္းေစာင့္ေရွာက္တတ္ျခင္း၊
၃။    ကလ်ာဏမိတၱသမၸဒါ = မိတ္ေဆြေကာင္းရွိျခင္း၊
၄။    သမဇီ၀တသမၸဒါ = အကုန္ႏွင့္အရ မွ်တေသာ အသက္ေမြးမႈ ရွိျခင္းတုိ႔ျဖစ္သည္။

ဥ႒ာနသမၸဒါ
    ထႂကြလုံ႔လ ၀ီရိယရွိျခင္းဆုိရာ၌ ဤေလာကတြင္ လူတစ္ဦးသည္ အသက္ေမြး၀မ္းေက်ာင္း တစ္မ်ဳိးမ်ဳိးျဖင့္ အသက္ေမြးရသည္။ အသက္ေမြး၀မ္းေက်ာင္းအလုပ္မရွိဘဲ လူေပၚေၾကာ့ လူေတေလ လုပ္ေန၍မရေပ။ မည္သည့္အလုပ္မ်ဳိးကုိ လုပ္သည္ျဖစ္ေစ ထုိအလုပ္၌ ကၽြမ္းက်င္မႈရွိရမည္။ မပ်င္းမရိ လု႔ံလရွိရမည္။ စူးစမ္းႏႈိင္းခ်ိန္တတ္ေသာ ဉာဏ္စြမ္းလည္းရွိရမည္။ စီမံခန္႔ခဲြတတ္ရမည္၊ ဤသို႔ ဆုိင္ရာအလုပ္၌ ကၽြမ္းက်င္မႈ အေျခခံ ပညာ၊ မပ်င္းမရိ ဇဲြရွိမႈ ၀ီရိယ၊ စူးစမ္း ႏႈိင္းခ်ိန္တတ္ေသာဉာဏ္၊ ဤသုံးတန္ႏွင့္ ျပည့္စုံျခင္းကုိ ဥ႒ာနသမၸဒါဟု ေခၚသည္။

လကၤာ။    ။ အလုပ္ဆုိင္ရာ၊ ကၽြမ္းက်င္စြာဘိ၊ ပညာရွိ၍၊ ၀ီရိယဇဲြ၊ သတၱိခဲႏွင့္၊ ကုိယ္လဲလုပ္တတ္၊ စီမံတတ္မွ၊ ဥ႒ာန၊ မည္ရ သမၸဒါ။

အာရကၡသမၸဒါ
    လုံၿခဳံစြာ သိမ္းဆည္း ေစာင့္ေရွာက္တတ္ျခင္းဆုိရာ၌ ဥ႒ာနသမၸဒါႏွင့္ ျပည့္စုံ၍ ထႂကြလုံ႔လ ၀ီရိယေၾကာင့္ တရားသျဖင့္ ရရွိလာေသာ စီးပြားဥစၥာတုိ႔ကုိ  မင္း၊ မီး၊ ေရ၊ အေမြခံ သားသမီးဆုိး၊ သူခုိးဓားျပတုိ႔ မဖ်က္ဆီးႏို္င္ေအာင္ လုံၿခဳံစြာ သိမ္းဆည္းေစာင့္ေရွာက္တတ္မႈကုိ အာရကၡသမၸဒါဟု ေခၚသည္။

လကၤာ။    ။ေရမီးသူခုိး၊ ေမြခံဆုိးႏွင့္၊ မင္းဆုိးအျပား၊ ရန္မ်ဳိးငါးေၾကာင့္၊ မပ်က္ျပားလတ္၊ ေစာင့္ေရွာက္တတ္မွ၊ အာရကၡ၊ မည္ရ သမၸဒါ။

ကလ်ာဏမိတၱသမၸဒါ
    မိတ္ေဆြေကာင္းႏွင့္ ေပါင္းသင္း ဆက္ဆံျခင္းဆုိရာ၌ မိမိေနရာ ၿမဳိ႕႐ြာ နိဂုံး၌ သဒၶါ သီလ စေသာ မိတ္ေဆြေကာင္းအရည္အခ်င္းႏွင့္ ျပည့္စုံသူမ်ား၊ ႀကီးပြားေရး စီးပြားေရး စသည္တုိ႔၌ ေအာင္ျမင္ေနၾကကုန္ေသာသူမ်ားႏွင့္ ေပါင္းသင္းဆက္ဆံရမည္။ မိတ္ေဆြေကာင္း၏ အရည္အခ်င္းေကာင္းပုံကုိ အတုလုိက္၍ မိမိလည္း သဒၶါတရား ေကာင္းသူ၊ သီလရွိသူ၊ ႀကီးပြားေအာင္ လုပ္ႏုိင္သူ ျဖစ္လာမည္။ အသိ အလိမၼာ တုိးပြားလာတတ္သည္။ ထုိသုိ႔ မိတ္ေဆြေကာင္းႏွင့္ ေပါင္းသင္းျခင္း၊ ေကာင္းေသာအတုကုိ ယူျခင္းကုိ ကလ်ာဏမိတၱသမၸဒါ ဟု ေခၚသည္။

လကၤာ။    ။ သဒၶါ သီလ၊ စာဂ ပညာ၊ ေလးျဖာစုံေတာင္း၊ မိတ္ေဆြေကာင္းႏွင့္၊ ေပါင္း၍အတု၊ ကုိယ္လည္းျပဳမွ၊ ကလ်ာဏ၊ မိတၱ ျပည့္စုံသည္။

သမဇီ၀ိတသမၸဒါ
    အကုန္ႏွင့္အရ မွ်တေသာအသက္ေမြးမႈရွိျခင္းဆုိရာ၌ မိမိရွာေဖြ ရရွိေသာပစၥည္း, ဥစၥာတုိ႔၏ အရ အကုန္၊ ၀င္ေငြ, ထြက္ေငြကုိ စနစ္တက် စာရင္းဇယား ထားၿပီး အကုန္ႏွင့္အရ မွ်တေအာင္ အသက္ေမြးမႈကုိ သမဇီ၀ိတသမၸဒါဟုေခၚသည္။ မိမိရွာေဖြရရွိေသာ ပစၥည္းကုိ ေလးပုံ ပုံ၍ တစ္ပုံကုိ စား၊ တစ္ပုံကုိ စု၊ ႏွစ္ပုံကုိ အရင္းအႏွီးျပဳ၍ အသက္ေမြးမႈ ျပဳႏုိင္မွသာ အရဘက္က သာေပမည္။

လကၤာ။    ။ စား၀တ္ေနပုံ၊ ေန႔စဥ္ၿခဳံလ်က္၊ အကုန္အရ၊ ႏႈိင္းခ်ိန္ဆေသာ္၊ အရဘက္က၊ သာေစမွ၊ သမ ဇီ၀ိတေခၚ။

ဗုဒၶဘာသာတရားေတာ္ အေျခခံအဆင့္မွ၊

1 comment:

said...

သမ္ပဒါတရားလေးပါး
ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ် အခါတစ်ပါး၌ ကောဠိယ၏သား ဒီဃဇာဏုမည်သော အမျိုးသားတစ်ယောက်သည် ကောဠိယနိဂုံးဝယ် သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားအား ဤသို့ လျှောက်ထားသည်။ “အရှင်ဘုရား - လောကီစည်းစိမ် ခံစားလျက် လူဝတ်ကြောင်ဖြစ်ကြသော တပည့်တော်တို့သည် သားမယားများဖြင့် နေကြရပါကုန်၏။ စန္ဒကူးနံ့သာတို့ကိုလည်း သုံးစွဲကြပါကုန်၏။ ရွှေငွေများကိုလည်း နှစ်သက်ကြပါကုန်၏။ လောကီလူ့ဘောင်တွင် နေကြရကုန်သော တပည့်တော်တို့အား ဤဘဝ၌ စီးပွားချမ်းသာ ပြည့်စုံကြွယ်ဝနိုင်၊ နောက်ဘဝ၌လည်း စီးပွားချမ်းသာဖြစ်နိုင်သော တရားတော်ကို ဟောတော်မူပါ”ဟု တောင်းပန်လျှာက်ထား ၏။ ထိုအခါ မြတ်စွာဘုရားက “သမ္ပဒါ”တရားတော်ကို ဟောတော်မူ၏။
လူတိုင်းလူတိုင်း ပြည့်စုံကြွယ်ဝအောင် လိုက်နာဆောင်ရွက်ရမည့် အရည်အချင်းကောင်းများကို “သမ္ပဒါ”ဟု ခေါ်သည်။ ထိုသမ္ပဒါတရားတော်သည် လေးမျိုးရှိသည်။
ယင်းလေးမျိုးမှာ -
၁။ ဥဋ္ဌာနသမ္ပဒါ = ထကြွ လု့ံလ ၀ီရိယရှိခြင်း၊
၂။ အာရက္ခသမ္ပဒါ = လုံခြုံစွာ သိမ်းဆည်းစောင့်ရှောက်တတ်ခြင်း၊
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိခြင်း၊
၄။ သမဇီဝတသမ္ပဒါ = အကုန်နှင့်အရ မျှတသော အသက်မွေးမှု ရှိခြင်းတို့ဖြစ်သည်။

ဥဋ္ဌာနသမ္ပဒါ
ထကြွလုံ့လ ၀ီရိယရှိခြင်းဆိုရာ၌ ဤလောကတွင် လူတစ်ဦးသည် အသက်မွေးဝမ်းကျောင်း တစ်မျိုးမျိုးဖြင့် အသက်မွေးရသည်။ အသက်မွေးဝမ်းကျောင်းအလုပ်မရှိဘဲ လူပေါ်ကြော့ လူတေလေ လုပ်နေ၍မရပေ။ မည်သည့်အလုပ်မျိုးကို လုပ်သည်ဖြစ်စေ ထိုအလုပ်၌ ကျွမ်းကျင်မှုရှိရမည်။ မပျင်းမရိ လု့ံလရှိရမည်။ စူးစမ်းနှိုင်းချိန်တတ်သော ဉာဏ်စွမ်းလည်းရှိရမည်။ စီမံခန့်ခွဲတတ်ရမည်၊ ဤသို့ ဆိုင်ရာအလုပ်၌ ကျွမ်းကျင်မှု အခြေခံ ပညာ၊ မပျင်းမရိ ဇွဲရှိမှု ၀ီရိယ၊ စူးစမ်း နှိုင်းချိန်တတ်သောဉာဏ်၊ ဤသုံးတန်နှင့် ပြည့်စုံခြင်းကို ဥဋ္ဌာနသမ္ပဒါဟု ခေါ်သည်။

လင်္ကာ။ ။ အလုပ်ဆိုင်ရာ၊ ကျွမ်းကျင်စွာဘိ၊ ပညာရှိ၍၊ ၀ီရိယဇွဲ၊ သတ္တိခဲနှင့်၊ ကိုယ်လဲလုပ်တတ်၊ စီမံတတ်မှ၊ ဥဋ္ဌာန၊ မည်ရ သမ္ပဒါ။

အာရက္ခသမ္ပဒါ
လုံခြုံစွာ သိမ်းဆည်း စောင့်ရှောက်တတ်ခြင်းဆိုရာ၌ ဥဋ္ဌာနသမ္ပဒါနှင့် ပြည့်စုံ၍ ထကြွလုံ့လ ၀ီရိယကြောင့် တရားသဖြင့် ရရှိလာသော စီးပွားဥစ္စာတို့ကို မင်း၊ မီး၊ ရေ၊ အမွေခံ သားသမီးဆိုး၊ သူခိုးဓားပြတို့ မဖျက်ဆီးနို်င်အောင် လုံခြုံစွာ သိမ်းဆည်းစောင့်ရှောက်တတ်မှုကို အာရက္ခသမ္ပဒါဟု ခေါ်သည်။

လင်္ကာ။ ။ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ မပျက်ပြားလတ်၊ စောင့်ရှောက်တတ်မှ၊ အာရက္ခ၊ မည်ရ သမ္ပဒါ။

ကလျာဏမိတ္တသမ္ပဒါ
မိတ်ဆွေကောင်းနှင့် ပေါင်းသင်း ဆက်ဆံခြင်းဆိုရာ၌ မိမိနေရာ မြို့ရွာ နိဂုံး၌ သဒ္ဓါ သီလ စသော မိတ်ဆွေကောင်းအရည်အချင်းနှင့် ပြည့်စုံသူများ၊ ကြီးပွားရေး စီးပွားရေး စသည်တို့၌ အောင်မြင်နေကြကုန်သောသူများနှင့် ပေါင်းသင်းဆက်ဆံရမည်။ မိတ်ဆွေကောင်း၏ အရည်အချင်းကောင်းပုံကို အတုလိုက်၍ မိမိလည်း သဒ္ဓါတရား ကောင်းသူ၊ သီလရှိသူ၊ ကြီးပွားအောင် လုပ်နိုင်သူ ဖြစ်လာမည်။ အသိ အလိမ္မာ တိုးပွားလာတတ်သည်။ ထိုသို့ မိတ်ဆွေကောင်းနှင့် ပေါင်းသင်းခြင်း၊ ကောင်းသောအတုကို ယူခြင်းကို ကလျာဏမိတ္တသမ္ပဒါ ဟု ခေါ်သည်။

လင်္ကာ။ ။ သဒ္ဓါ သီလ၊ စာဂ ပညာ၊ လေးဖြာစုံတောင်း၊ မိတ်ဆွေကောင်းနှင့်၊ ပေါင်း၍အတု၊ ကိုယ်လည်းပြုမှ၊ ကလျာဏ၊ မိတ္တ ပြည့်စုံသည်။

သမဇီဝိတသမ္ပဒါ
အကုန်နှင့်အရ မျှတသောအသက်မွေးမှုရှိခြင်းဆိုရာ၌ မိမိရှာဖွေ ရရှိသောပစ္စည်း, ဥစ္စာတို့၏ အရ အကုန်၊ ၀င်ငွေ, ထွက်ငွေကို စနစ်တကျ စာရင်းဇယား ထားပြီး အကုန်နှင့်အရ မျှတအောင် အသက်မွေးမှုကို သမဇီဝိတသမ္ပဒါဟုခေါ်သည်။ မိမိရှာဖွေရရှိသော ပစ္စည်းကို လေးပုံ ပုံ၍ တစ်ပုံကို စား၊ တစ်ပုံကို စု၊ နှစ်ပုံကို အရင်းအနှီးပြု၍ အသက်မွေးမှု ပြုနိုင်မှသာ အရဘက်က သာပေမည်။

လင်္ကာ။ ။ စားဝတ်နေပုံ၊ နေ့စဉ်ခြုံလျက်၊ အကုန်အရ၊ နှိုင်းချိန်ဆသော်၊ အရဘက်က၊ သာစေမှ၊ သမ ဇီဝိတခေါ်။

ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်မှ၊
ယူနီကုဒ်